Campaign background

ကမ်ပိန်းနောက်ခံသမိုင်းအကျဉ်း

  • T-Pop Star Challenge, Myanmar သည် ထိုင်းတေးဂီတ၏ soft power ကိုမြှင့်တင်ရန်၊ မြန်မာပြည်သူများကြား ထိုင်းဘာသာစကားကိုစိတ်ဝင်စားမှုတိုးမြင့်လာစေရန်နှင့် ထိုင်းမြန်မာနှစ်နိုင်ငံကြား ပြည်သူများ၏ ချစ်ခင်ရင်းနှီးမှုတိုးပွားလာစေရန်ရည်ရွယ်၍ ထိုင်းသံရုံး၊ ရန်ကုန်က ပထမဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပသော သီချင်းဆိုပြိုင်ပွဲဖြစ်ပါသည်။

    ဆုရရှိသူသည် အမေရိကန်ဒေါ်လာ ၃၅၀၀ နှင့်ဆုတံဆိပ်ကိုရရှိမည်ဖြစ်သည်။ ဤပြိုင်ပွဲကို ထိုင်းနိုင်ငံ၏ ဂီတနှင့် ဇာတ်လမ်းတွဲထုတ်လုပ်သည့် အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီများဖြစ်သော GMM Grammy နှင့် GMMTV တို့က ပံ့ပိုးကူညီထားပါသည်။

  • T-Pop Star Challenge, Myanmar, is the first Thai music singing competition in Myanmar organized by Royal Thai Embassy, Yangon, to promote “Thai soft power” of Thai music and Thai language among Myanmar people as well as close relationship between the peoples of Thailand and Myanmar. The winner of the contest will receive 3,500 USD cash and trophy. The event is also supported by GMM Grammy and GMMTV, the biggest entertainment, music and series production companies in Thailand.

Official channels of the campaign

ကမ်ပိန်း၏တရားဝင်ချန်နယ်များ

Rules & regulations:

ပြိုင်ပွဲစည်းမျဉ်းများ

    • T-Pop Star Challenge, Myanmar ကို အသက် (၁၈)နှစ်နှင့်အထက်ရှိပြီးသော အနယ်နယ်အရပ်ရပ်မှ မြန်မာနိုင်ငံသားတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

    • ပဏာမရွေးချယ်ခံရသော ပြိုင်ပွဲဝင်များသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈-၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရပါမည်။

    • ပြိုင်ပွဲတွင် တစ်ဦးတည်းသီဆိုသည့်သူများကိုသာ လက်ခံမည်ဖြစ်ပါသည်။ (ပြိုင်ပွဲဝင်တစ်ဦးတည်းသာ သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အခြားပူးတွဲသီဆိုသူများ (သို့) အသံများ မပါဝင်ရပါ။)

    • ပြိုင်ပွဲဝင်များသည် GMM group အောက်တွင် လိုင်စင်ရယူထားသော သီချင်းများထဲမှနှစ်သက်ရာတေးသီချင်းတစ်ပုဒ်ကို ရွေးချယ်သီဆိုရပါမည်။ သီချင်းများကို အောက်ပါ YouTube channels များတွင် ရွေးချယ်နိုင်ပါသည်-

     

    • T-Pop Star Challenge, Myanmar is opened to all Myanmar nationals aged 18 years and above from any part of Myanmar.

    • The selected contestants will have to join the final competition in Yangon on 28 – 29 September 2024.

    • Only solo singers are eligible to join (only one person singing, with no other people or sounds)

    • Contestants have to choose the song that is under the license of music labels under the GMM group which can be selected from the following YouTube channels:

     

    • ပြိုင်ပွဲဝင်ဟာ အထက်ဖော်ပြပါ YouTube ချန်နယ်တွေမှာ ဖော်ပြထားတဲ့ GMM labels အောက်က သီချင်းတစ်ပုဒ်ကို ရွေးချယ်သီဆိုရမှာဖြစ်ပါတယ်။

      ဒီသီချင်းဗွီဒီယိုကို နည်းလမ်း(၃)မျိုးနဲ့ ဖန်တီးနိုင်ကြောင်း အကြံပြုချင်ပါတယ်-
      (၁) YouTube မှာရှာဖွေတွေ့ရှိနိုင်တဲ့ ကာရာအိုကေဗားရှင်းနဲ့ ဆိုတာမျိုး ပြုလုပ်လို့ရပါတယ်။ (တကယ်လို့ ပြိုင်ပွဲဝင်လိုသူတွေက သူတို့ဆိုချင်တဲ့သီချင်းရဲ့ ကာရာအိုကေဗားရှင်းကို T-pop Star Challenge, Myanmar Facebook ရဲ့ Messenger (သို့) This email address is being protected from spambots. You need JavaScript enabled to view it. ကနေမေးမြန်းလာခဲ့ရင်လည်း ပွဲစီစဉ်သူဘက်ကနေ ကူညီရှာဖွေပေးဖို့အသင့်ရှိနေပါတယ်)
      (၂) မိမိကိုယ်တိုင် ဂီတာ၊ စန္ဒရား၊ ကီးဘုတ်စတဲ့ တူရိယာတစ်မျိုးမျိုးကိုတီးခတ်ပြီး သီဆိုနိုင်ပါတယ်။
      (၃) နောက်ခံတီးလုံးမပါဘဲ မိမိအသံချည်းသက်သက်နဲ့လည်း သီဆိုနိုင်ပါတယ်။

    • ပြိုင်ပွဲဝင်များသည် မိမိသီဆိုထားသောသီချင်းဗီဒီယိုတစ်ခုကို ရွေးချယ်ခံရန် တင်ပြရပါမည်။ ပြိုင်ပွဲဝင်တစ်ဦးလျှင် သီချင်းဗီဒီယိုတစ်ခုသာ လက်ခံပါမည်။

    • င်ပွဲဝင်မယ့်သီချင်းဗွီဒီယိုကိုဖန်တီးရာမှာ ပြိုင်ပွဲဝင်ရဲ့အသံနဲ့ မျက်နှာဟာ ကြည်လင်ပြတ်သားမှုရှိနေဖို့လိုပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် ပြိုင်ပွဲဝင်ဟာ မိုဘိုင်းဖုန်း ဒါမှမဟုတ် မိုက်ခရိုဖုန်းအသင့်ပါတဲ့နားကြပ်ကို အသုံးပြုပြီး အသံသွင်းတာမျိုး၊ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာအသံသွင်းတာမျိုး လုပ်ဖို့အကြံပြုချင်ပါတယ်။ ပြိုင်ပွဲဝင်ရဲ့ သီချင်းဆိုသံကို ပရိုဂရမ်တမျိုးမျိုးသုံးပြီး ပြုပြင်တာမျိုးကိုတော့ တားမြစ်ထားပါတယ်။

    • ဗီဒီယိုတွင် ပြိုင်ပွဲဝင်၏မျက်နှာနှင့် အသံကိုသာရိုက်ကူးထားရပါမည်။

    • ပြိုင်ပွဲဝင်များသည် ဗီဒီယိုကို “submission form” တွင်ပြထားသော လိုအပ်သည့် အချက်အလက်များနှင့်အတူ တင်ပြရပါမည်။

    • ဗီဒီယိုတင်ပြရမည့်ကာလ- ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ

    • ဇကာတင်ပြိုင်ပွဲဝင် (၁၂)ဦး ရွေးချယ်မည့်ကာလ- ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၉ ရက်နေ့ထိ (တံခါးပိတ်ရွေးချယ်မှုဖြစ်ပါသည်။)

    • ဇကာတင်ပြိုင်ပွဲဝင် (၁၂)ဦး ကြေညာခြင်း- ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၌ FB: T-Pop Star Challenge, Myanmar / Website: www.tpopstar.com တွင်ကြေညာပါမည်။

    • ဇကာတင်ပြိုင်ပွဲဝင် (၁၂)ဦး၏ စီမီးဖိုင်နယ်ပြိုင်ပွဲကာလ- ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ Junction City၊  ရန်ကုန်မြို့။

    • နောက်ဆုံးဇကာတင် (၄)ဦး၏ဖိုင်နယ်ပြိုင်ပွဲ- ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ Junction City၊  ရန်ကုန်မြို့။ (စက်တင်ဘာလ ၂၈-၂၉ ရက်နေ့များတွင် ကျင်းပမည့်ပြိုင်ပွဲများတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အနုပညာရှင်များက Special Judges များအဖြစ် အကဲဖြတ်အမှတ်ပေးမည်ဖြစ်ပြီး ထိုအနုပညာရှင်များစာရင်းကို ကမ်ပိန်း၏ တရားဝင်ချန်နယ်များတွင် ကြေညာပေးပါမည်။)

    • ဇကာတင်ပြိုင်ပွဲဝင် (၁၂)ဦးသည် GMM group အောက်တွင် လိုင်စင်ရယူထားသော သီချင်းများထဲမှနှစ်သက်ရာတေးသီချင်း နောက်ထပ် ၂ ပုဒ်ကို စီမီးဖိုင်နယ်ပြိုင်ပွဲနှင့် ဖိုင်နယ်ပြိုင်ပွဲများတွင် သီဆိုရန်ရွေးချယ်ထားရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲများအတွက် Backing tracks စီစဉ်ပေးမည်ဖြစ်ပါသည်။

    • စီစဉ်သူသည် ဇကာတင်ပြိုင်ပွဲဝင် (၁၂)ဦးအတွက် ရန်ကုန်မြို့သို့ လာရောက်ယှဉ်ပြိုင်ရန် လမ်းစရိတ်နှင့် နေထိုင်ရန်စရိတ်ကို တာဝန်ယူပါမည်။

    • ပြိုင်ပွဲစည်းမျဉ်းများနဲ့ပတ်သက်ပြီး အခြားသိလိုတာများရှိရင် ပြိုင်ပွဲဝင်လိုသူတွေ မကြာခဏမေးလေ့မေးထရှိတဲ့မေးခွန်းတွေကို စုစည်းထားတဲ့နေရာရှိနေပါတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို ဒီနေရာမှာကြည့်နိုင်ပါတယ် မေးခွန်းများ
    • Contestant has to sing 1 song under GMM labels which can be selected from abovemention Youtube channels. The contestant is recommended to record the audition clip in either of 3 following ways:
      (1) Sing with Karaoke version of that song which can be found in any YouTube Channels or applications (the organizer is ready to help finding the Karaoke version of the preferred song if asking via Messenger of T-pop Star Challenge, Myanmar Facebook or email: This email address is being protected from spambots. You need JavaScript enabled to view it.
      (2) Sing that song while playing music instruments by yourself such as guitar, piano, keyboard or other
      (3) Sing without backing track (background music)

    • Contestants must provide 1 Video submission to be considered. Only 1 entry per participant is allowed.

    • The audition clip has to contain of the clear voice and face of the contestant. In order to have clear voice in the audition clip, the contestant is recommended to record your voice with mobile phone or earphone that has built-in microphone or record in the silent place. The contestant is prohibited to use any program to edit your voice.

    • Ensure that the video clearly shows your face and captures your voice.

    • Contestants have to submit the VDO clip with the information required in the “submission form

    • Submission period: 22nd June – 31st July 2024

    • Selection of 12 Finalists: 1st – 9th August 2024 (close door selection)

    • 12 Finalists announcement: 10th August 2024 on FB: T-Pop Star Challenge, Myanmar / Website: www.tpopstar.com

    • Semi-Final Competition Round for 12 Finalists: 28th September 2024 at Junction City, Yangon

    • Final Competition for Top 4 Finalists : 29th September 2024 at Junction City, Yangon (Competitions held on 28th – 29th September 2024 will be judged by special Judges who are the artists from Thailand and Myanmar which will be announced in the official channels of the campaign.)

    • The 12 Finalists will have to select another 2 songs under the license of music labels under the GMM group to perform in the Semi-Final Competition and the Final Competition. Backing tracks will be provided during the competitions

    • The organizer will bear the costs of travel to Yangon from any cities within Myanmar and accommodation fee for the selected 12 Finalists.

    • If you have further questions about rules and regulations, we have gathered the questions that have been frequently asked from the people interested in joining the audition. Please find the answers at FAQ

       

Judge Criteria

အမှတ်ပေးစည်းမျဉ်း

    • အမှတ်ပေးစည်းမျဉ်းသည် ပြိုင်ပွဲဝင်၏အသံ၊ အသံထွက်မှန်ကန်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ စင်ပေါ်တွင်ဖျော်ဖြေနိုင်စွမ်းရှိမှု၊ အချိန်ကိုက်ဖြစ်မှုနှင့် အွန်လိုင်းမဲပေးမှုတို့ပေါ်တွင် အခြေခံပါသည်။ အွန်လိုင်းမဲပေးမှုသည် နောက်ဆုံးဇကာတင်ပြိုင်ပွဲဝင် (၄)ဦးအတွက်သာ ဖြစ်ပါသည်။

    • ဒိုင်လူကြီးများ၏အဆုံးအဖြတ်သည် အပြီးသတ်ရွေးချယ်မှုဖြစ်ပါသည်။

    • Judgment will be based on criteria of voice, pronunciation, creativity, stage performance, timing, and online vote. online voting is only applicable to choosing the Top 4 Finalists

    • The decision of the panel of experts will be final.

Prizes

ဆုကြေးများ

    • Grand Prize: ငွေသား USD 3,500 နှင့်ဆုတံဆိပ်

    • 1st Runner Prize: ငွေသား USD 1,600

    • 2nd Runner Prize: ငွေသား USD 1,000

    • 3rd Runner Prize: ငွေသား USD 700

    • Top 5 - 12 Prizes (8 prizes): ငွေသား USD 400

    • Grand Prize: USD 3,500 cash and trophy

    • 1st Runner Prize: USD 1,600 cash 

    • 2nd Runner Prize: USD 1,000 cash

    • 3rd Runner Prize: USD 700 cash

    • Top 5 - 12 Prizes (8 prizes): USD 400 cash

Judges & Special Guests

Supported By


Follow Us

© 2024 Royal Thai Embassy, Yangon, Myanmar. All rights reserved.