Judges & Special Guests

Oak Soe Khant “အုပ်စိုးခန့်”

  • 🌟✨နိုင်ငံကျော် အဆိုတော် ဂီတပညာရှင် “အုပ်စိုးခန့်” ကလည်း T-Pop Star Challenge Myanmar ထိုင်းသီချင်းဆိုပွဲကြီးရဲ့ Semi-Final နဲ့ Final rounds ရဲ့ အကဲဖြတ်ဒိုင် အဖြစ် ပါဝင်အားဖြည့်ပေးမှာ ဖြစ်ပါတယ် Profile:
    (၂၀၁၈) မှာထုတ်လုပ်ခဲ့ပြီး (၂၀၁၉) ခုနှစ်မှာ မြန်မာ့ရောင်းအားအကောင်းဆုံးဖြစ်လာတဲ့
    တစ်ကိုယ်တော် Pop Album “The Number One“ ရဲ့ မူပိုင်ရှင် (၂၂)နှစ်အရွယ် လူငယ်အနုပညာရှင်
    အုပ်စိုးခန့်ကတော့ ထိုင်းနိုင်ငံရဲ့ နာမည််ကြီးအဆိုတော်တွေနဲ့ပါ Featuring အနေနဲ့ ပါဝင်သီဆိုနေပါပြီ။
    အခုဆိုရင်လည်း TV Drama Program တွေမှာပါ သရုပ်ဆောင်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်နေပါတယ်။

    Social Media:
    Instagram: @oaksoekhant_official
    Facebook: Oak Soe Khant
    Youtube: @OakSoeKhantOfficial
    Tiktok: @oaksoekhant451

    ဒီလို နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အ‌ရေးကြီးမှာ သင့်ရဲ့ သီချင်းဆိုစွမ်းရည်ပြသဖို့အတွက် အဆင်သင့်ပြင်ထားလိုက်တော့နော်🎉🎵🎤

  • 🌟✨ We would like to introduce “Oak Soe Khant”, Myanmar singer and musician, as the first Judge of the Semi-Final and Final rounds of T-Pop Star Challenge Myanmar! 🎤🎶
    Profile:
    A talented 22 year-old Myanmar singer debuted in December 2018 with pop album “The Number One” which became best-selling solo album in Myanmar in 2019. He has also released many hit singles including some that featuring with Thai singers, and also debuted in TV Drama.

    Social Media:
    Instagram: @oaksoekhant_official
    Facebook: Oak Soe Khant
    Youtube: @OakSoeKhantOfficial
    Tiktok: @oaksoekhant451

    Get ready to show off your singing skills and creativity with guidance from a music icon! 🎉🎵🎤

Message from the Judge

  • ချစ်ပရိတ်သတ်ကြီးအတွက် အမေရိကန်ဒေါ်လာ ၃၅၀၀ ဆုကြေး ရနိုင်မယ့် ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးအကြောင်း ပြောပြချင်လို့ပါ။

    ထိုင်းသံရုံးရန်ကုန်က ကျင်းပပြုလုပ်ပြီး ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီတွေဖြစ်တဲ့ GMM Grammy နဲ့ GMMTV တို့က ကူညီထောက်ပံ့ပေးထားတဲ့ T-Pop Star Challenge, Myanmar ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးဖြစ်ပါတယ်။

    ဆုကြေးငွေတွေအနေနဲ့
    Grand Prize - ငွေသား USD 3,500 နှင့်ဆုတံဆိပ်
    1st Runner Prize: ငွေသား USD 1,600
    2nd Runner Prize: ငွေသား USD 1,000
    3rd Runner Prize: ငွေသား USD 700
    Top 5 - 12 Prizes (8 prizes): ငွေသား USD 400 တွေရရှိသွားမှာပါ။ ဆုကြေးက အများကြီးပဲနော်။

    ကျွန်တော်ကိုယ်တိုင်လည်း September 28, 29 ရက်တွေမှာကျင်းပသွားမယ့် Semi Final, Final အတွက် အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ပါဝင်ထားတဲ့အပြင် ပရိသတ်ကြီးအတွက် သီဆိုဖျော်ဖြေပေးဖို့လည်းရှိပါတယ်။ စိတ်ဝင်စားသွားပြီဆိုရင် Video ထဲမှာ အသေးစိတ်ရှင်းပြပေးထားလို့ ကြည့်ရှုပေးကြပါဦးခင်ဗျာ။ 😍

    T-pop Star ဖြစ်လာဖို့ ဒီ Link ကနေ အခုပဲ ပါဝင်ယှဥ်ပြိုင်လိုက်ပါ။ www.tpopstar.com
    သိလိုတာတွေရှိရင်‌တော့ Facebook: T-Pop Star Challenge, Myanmar  မှာလည်း မေးမြန်းနိုင်ပါတယ်။

  • Hey dear fans. Interested to win $3500 and trophy by singing Thai song?
    I have very good news to share with you. It is T-Pop Star Challenge, Myanmar which is organized by Royal Thai Embassy in Yangon and supported by GMM Grammy and GMMTV, the biggest entertainment, music and series production companies in Thailand.

    There details of prizes are as follow
    Grand Prize - USD 3,500 in cash and a trophy
    1st Runner Prize: USD 1,600 in cash
    2nd Runner Prize: USD 1,000 cash
    3rd Runner Prize: USD 700 cash
    Top 5 - 12 Prizes (8 prizes): USD 400 cash. The reward is a lot.

    I will also join this project as one of the Judges and will have a special show in the Semi-Final and Final competition rounds on 28 – 29 September 2024.
    Interested? Please watch the video till the end as I covered all the information for you about the competition😍 Apply now to become the next T-Pop Star here >> www.tpopstar.com or see further information from Facebook: T-Pop Star Challenge, Myanmar


Follow Us

© 2024 Royal Thai Embassy, Yangon, Myanmar. All rights reserved.