FAQ (မေးခွန်းများ)

  • သီချင်းဆိုပြိုင်ပွဲဝင်ဖို့ စိတ်ဝင်စားသူတွေက မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းများကိုစုစည်းထားပါတယ်။ အောက်မှာ အဖြေတွေကိုလေ့လာကြည့်ပါ။

    မေး(၁) – အသင့်ပါပြီးသားမိုက်ခရိုဖုန်း (built-in microphone) ဆိုတာဘာလဲ။ မိုက်ခရိုဖုန်းနဲ့သီချင်းဆိုဖို့ လိုအပ်ပါသလား။
    ဖြေ(၁) – ပြိုင်ပွဲဝင်မယ့်သီချင်းဗွီဒီယိုကိုဖန်တီးရာမှာ ပြိုင်ပွဲဝင်ရဲ့အသံနဲ့ မျက်နှာဟာ ကြည်လင်ပြတ်သားမှုရှိနေဖို့လိုပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် ပြိုင်ပွဲဝင်ဟာ မိုဘိုင်းဖုန်း ဒါမှမဟုတ် မိုက်ခရိုဖုန်းအသင့်ပါတဲ့နားကြပ်ကို အသုံးပြုပြီး အသံသွင်းတာမျိုး၊ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာအသံသွင်းတာမျိုး လုပ်ဖို့အကြံပြုချင်ပါတယ်။ ပြိုင်ပွဲဝင်ရဲ့ သီချင်းဆိုသံကို ပရိုဂရမ်တမျိုးမျိုးသုံးပြီး ပြုပြင်တာမျိုးကိုတော့ တားမြစ်ထားပါတယ်။

    မေး(၂) – ပြိုင်ပွဲဝင်မယ့်သီချင်းဗွီဒီယိုကိုပေးပို့ရာမှာ သီချင်းတစ်ပုဒ်လုံးအပြည့်ပါရမှာလား။
    ဖြေ(၂) – ပြိုင်ပွဲဝင်ဟာ သီချင်းအစကနေအဆုံးထိ တစ်ပုဒ်လုံးသီဆိုထားတဲ့ သီချင်းဗွီဒီယိုကို ပေးပို့ရမှာဖြစ်ပါတယ်။

    မေး(၃) - နောက်ခံတီးလုံးမပါဘဲဆိုထားရင်ရောရလား?
    ဖြေ(၃) - ဒီသီချင်းဗွီဒီယိုကို နည်းလမ်း(၃)မျိုးနဲ့ ဖန်တီးနိုင်ကြောင်း အကြံပြုချင်ပါတယ်-
    (၁) YouTube မှာရှာဖွေတွေ့ရှိနိုင်တဲ့ ကာရာအိုကေဗားရှင်းနဲ့ ဆိုတာမျိုး ပြုလုပ်လို့ရပါတယ်။ (တကယ်လို့ ပြိုင်ပွဲဝင်လိုသူတွေက သူတို့ဆိုချင်တဲ့သီချင်းရဲ့ ကာရာအိုကေဗားရှင်းကို T-pop Star Challenge, Myanmar Facebook ရဲ့ Messenger (သို့) This email address is being protected from spambots. You need JavaScript enabled to view it. ကနေမေးမြန်းလာခဲ့ရင်လည်း ပွဲစီစဉ်သူဘက်ကနေ ကူညီရှာဖွေပေးဖို့အသင့်ရှိနေပါတယ်)
    (၂) မိမိကိုယ်တိုင် ဂီတာ၊ စန္ဒရား၊ ကီးဘုတ်စတဲ့ တူရိယာတစ်မျိုးမျိုးကိုတီးခတ်ပြီး သီဆိုနိုင်ပါတယ်။
    (၃) နောက်ခံတီးလုံးမပါဘဲ မိမိအသံချည်းသက်သက်နဲ့လည်း သီဆိုနိုင်ပါတယ်။

    မေး(၄) – ကိုယ်ဆိုချင်တဲ့သီချင်းက GMM labels အောက်ကဟုတ်၊မဟုတ် ဘယ်လိုသိနိုင်မလဲ။
    ဖြေ(၄) – ကိုယ်ဆိုချင်တဲ့သီချင်းက ဘယ်ကုမ္ပဏီအောက်မှာလိုင်စင်ရထားလဲဆိုတာကို YouTube နဲ့ Apple Music တို့မှာ ရှာဖွေနိုင်ပါတယ်။ ပုံမှန်အားဖြင့် သီချင်းတစ်ပုဒ်ဟာ GMM Music, Grammy Gold, Genie Records, White Music, Genelab, Gnest, GMMTV Records, Riser Music, ONE Music, ONE31 channel စသည်တို့ရဲ့ YouTube ချန်နယ်မှာရှိနေတယ်ဆိုရင် အဲဒီသီချင်းဟာ GMM labels အောက်မှာရှိတယ်လို့ မှတ်ယူရမှာပါ။ (GMM labels ထဲမှာပါတဲ့ကုမ္ပဏီတွေကို www.tpopstar.com မှာ လေ့လာကြည့်နိုင်ပါတယ်) တကယ်လို့ ပြိုင်ပွဲဝင်လိုသူတွေက သူတို့ဆိုချင်တဲ့သီချင်းဟာ GMM labels အောက်ကဟုတ်၊မဟုတ်ကို T-pop Star Challenge, Myanmar Facebook ရဲ့ Messenger (သို့) This email address is being protected from spambots. You need JavaScript enabled to view it. ကနေမေးမြန်းလာခဲ့ရင်လည်း ပွဲစီစဉ်သူဘက်ကနေ ကူညီရှာဖွေပေးဖို့အသင့်ရှိနေပါတယ်။

    မေး(၅) – ပြိုင်ပွဲဝင်မယ့်သီချင်းဗွီဒီယိုကို ဘယ်ကိုပေးပို့ရမှာလဲ။
    ဖြေ(၅) – ပြိုင်ပွဲဝင်မယ့်သီချင်းဗွီဒီယိုကို www.tpopstar.com ဝက်ဘ်ဆိုက်ပေါ်သို့ upload တင်ကာ ပေးပို့ခြင်း၊ google drive ပေါ်သို့ upload တင်ကာ ပေးပို့ခြင်းလုပ်နိုင်သလို ဖိုင်တွေမျှဝေလို့ရတဲ့ဝက်ဘ်ဆိုက် (သို့) ကိုယ်ပိုင် YouTube ချန်နယ်ရှိရင် အဲဒီမှာ အရင်တင်ပြီးနောက် သီချင်းဗွီဒီယိုရဲ့ URL လင့်ကိုကူးယူကာ https://www.tpopstar.com/2024/index.php/audition မှာချပြပြီး ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်မယ့်သီချင်းဗွီဒီယိုကို This email address is being protected from spambots. You need JavaScript enabled to view it. (သို့) T-pop Star Challenge, Myanmar Facebook ရဲ့ Messenger သို့ပေးပို့တာမျိုးလည်း လုပ်နိုင်ပါတယ်။


    မေး(၆) – မြန်မာပြည်ရဲ့ပြင်ပကိုရောက်နေရင်ရော ပြိုင်ပွဲဝင်လို့ရလား။
    ဖြေ(၆) – ဒီသီချင်းဆိုပြိုင်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်း ဘယ်နေရာဘယ်ဒေသမှာရှိသည်ဖြစ်စေ ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် ဆန်ကာတင် ၁၂ ဦးထဲမှာပါဝင်ခဲ့ရင်တော့ ရန်ကုန်မြို့မှာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နဲ့ (၂၉) ရက်နေ့တွေမှာ ကျင်းပမယ့် ဆီမီးဖိုင်နယ်နဲ့ဖိုင်နယ်ပြိုင်ပွဲတွေကို လူကိုယ်တိုင်လာရောက်ယှဉ်ပြိုင်ရမှာပါ။ ပွဲစီစဉ်သူက ဆန်ကာတင်ပြိုင်ပွဲဝင်တွေရဲ့ မြန်မာပြည်အတွင်းသွားလာမယ့် ခရီးစရိတ်နဲ့ ရန်ကုန်မြို့မှာ နေထိုင်မယ့်တည်းခိုစရိတ်ကို တာဝန်ယူပေးမှာပါ။ ဆန်ကာတင် ၁၂ ဦးထဲပါပြီဆိုတာနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၀၀ ကိုရတော့မယ်ဆိုတာ အသေအချာပါပဲ။

    မေး(၇) – ထိုင်းစကားမပြောတတ်ရင်ရော ပြိုင်ပွဲဝင်လို့ရလား။ ဘွဲ့ရမထားဘူးဆိုရင်ရော ပြိုင်ပွဲဝင်လို့ရလား။
    ဖြေ(၇) –အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားမှန်တယ်ဆိုရင် ထိုင်းစကားမပြောတတ်တာ၊ ဘွဲ့မရထားတာဖြစ်နေပေမယ့်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ဟာ ထိုင်းသီချင်းကို တတ်နိုင်သမျှ စာသားမှန်မှန်၊ အသံထွက်မှန်မှန်နဲ့ သီဆိုပေးရမှာပါ။

    မေး(၈) – ဆန်ကာတင်ပြိုင်ပွဲဝင်တွေဟာ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပြိုင်ပွဲတွေကို ဘယ်လိုယှဉ်ပြိုင်ရမလဲ။
    ဖြေ(၈) – ဆန်ကာတင်ပြိုင်ပွဲဝင်တွေဟာ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပြိုင်ပွဲတွေကို ရန်ကုန်မြို့ရှိ Juction City ဈေးဝယ်စင်တာမှာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နဲ့ (၂၉) ရက်နေ့တွေမှာ လာရောက်ယှဉ်ပြိုင်ကြရမှာပါ။ ဆန်ကာတင်ပြိုင်ပွဲဝင် ၁၂ ဦးဟာ စင်မြင့်ထက်မှာ GMM Grammy ရဲ့ မူရင်းနောက်ခံတီးလုံးကို ဖွင့်ပေးထားမှာဖြစ်ပြီး ထိုသီချင်းတီးလုံးနှင့် သီဆိုယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

  • We have gathered the questions that have been frequently asked from the people interested in joining the audition. Please find the answers here:

    Q.1: What is built-in microphone? Do I need to sing with my voice through microphone? 
    A1: The audition clip has to contain of the clear voice and face of the contestant. In order to have clear voice in the audition clip, the contestant is recommended to record your voice with mobile phone or earphone that has built-in microphone or record in the silent place. The contestant is prohibited to use any program to edit your voice.

    Q2: Do I need to send the audition clip with singing the complete song?
    A2: The contestant has to submit the audition clip by singing the complete song from the beginning until the end of the song.

    Q3.Can I sing without background music?
    A3. The contestant is recommended to record the audition clip in either of 3 following ways:
    (1) Sing with Karaoke version of that song which can be found in any YouTube Channels or applications (the organizer is ready to help finding the Karaoke version of the preferred song if asking via Messenger of T-pop Star Challenge, Myanmar Facebook or email: This email address is being protected from spambots. You need JavaScript enabled to view it.
    (2) Sing that song while playing music instruments by yourself such as guitar, piano, keyboard or other
    (3) Sing without backing track (background music)

    Q4: How to know that the preferred song is under GMM labels or not?
    A4: You can check via YouTube channels or Apple Music that the song is under the license of which label. Normally, if the song is in the YouTube channel of either of GMM Music, Grammy Gold, Genie Records, White Music, Genelab, Gnest, GMMTV Records, Riser Music, ONE Music, ONE31 channel, it belongs to GMM labels (which can be checked in the front page of www.tpopstar.com ) The organizer is also ready to help checking if asking via Messenger of T-pop Star Challenge, Myanmar Facebook or email: This email address is being protected from spambots. You need JavaScript enabled to view it.

    Q5: Where do I have to submit the audition clip to?
    A5: The contestant is recommended to submit the audition clip by uploading the clip, uploading clip in google drive, file transferring website or your own YouTube channel and copying the URL like and paste in the submission form in www.tpopstar.com of which the address is https://www.tpopstar.com/2024/index.php/audition . The contestant can also send the clip by sending email to This email address is being protected from spambots. You need JavaScript enabled to view it. or Messenger of T-pop Star Challenge, Myanmar Facebook.

    Q6: Can I participate if I am currently outside Myanmar?
    A6: This audition is opened widely for any Myanmar nationals whose age is 18 years old and above in any places. However, the contestants that are selected to be 12 Finalists have to come to join the Semi-Final and Final Competition rounds in Yangon during 28-29 September 2024, and the organizer will bear the cost for travelling fee inside Myanmar and accommodation fee in Yangon. It shall be noted that the 12 Finalists will get the prize at least USD 400.

    Q7: Can I join if I don’t speak Thai language or if I don’t have degree certificate of education?
    A7: Myanmar nationals aged 18 years old and above who cannot speak Thai and don’t have education certificate can also participate in the audition. However, the contestant has to sing Thai song with correct lyrics and pronunciation as much as possible.

    Q8: How will the contestants compete Semi-final and Final rounds?
    A8: The contestants have to compete Semi-Final and Final rounds at Juction City, Yangon on 28-29 September 2024. On stage competition, the 12 Finalist contestants have to sing the songs with original backing tracks provided by GMM Grammy.


Follow Us

© 2024 Royal Thai Embassy, Yangon, Myanmar. All rights reserved.